ဒီရက်ပိုင်းတွေအင်တာနက်ကလဲ မကောင်းဆိုတော့ ကျနော့ခင်ဗျာ .. အချိန်ပိုလေးတွေထွက်လာတယ် .. ကျနော်ဆိုတဲ့ကောင်ကလဲ ငြိမ်ငြိမ်မနေနိုင်တဲ့ကောင်ဆိုတော့ ကျနော့စကိတ်ဘုတ်လေးကို ဒီဇိုင်းအသစ်ဆွဲလိုက်တယ် ... ကျနော့ Favourite Band ဖြစ်တဲ့ Linkin Park ရဲ့ စာလုံးနဲ့ လိုဂိုကိုပဲ ရှင်းရှင်းလေးပဲထားလိုက်တော့တယ် .. ဒဂယ်တော့ ဆွဲချင်တာပဲရှိတာ spary နဲ့ဆွဲရတာ မကျွမ်းကျင်တော့(ကျန်တာတွေလဲ မကျွမ်းကျင်ပါဘူး... ဒီဇိုင်းနဲ့ပါတ်သက်လာရင် ပိန်းကိုပိန်းတာ) သပ်သပ်ရပ်ရပ်ထွက်မလာပဲ .. ပုံမှာ မြင်တဲ့အတိုင်းဖြစ်လာတော့တာပဲ ....



