ခံစားဖို့ နှစ်သက်ရာ

အမြဲတမ်းတစ်ကယ်ကို ချစ်သွားမှာ
ပိုင်ဆိုင်ချင်တဲ့ မင်းကို
မင်းအကြောင်းစဉ်းစား ရင်မောလို့လာ
ငါခံစားဖို့ နှစ်သက်ရာ . . .

မင်းသိနိုင်သွားမလား
ဟိုးအဝေးက နာကြည်းစိတ်တွေ
ဒုက္ခများနဲ့ လမ်းမပေါ်မှာ
မင်းအချစ်များနဲ့ နွေးထွေးမှာ . . .

ခံနိုင်ရည်မရှိပါ
အိုး ငါ့လမင်းလေး မင်းကို
အဝေးကနေ ငါချစ်ဦးမှာ . . .

ငါ့မှာ အလွမ်းများနဲ့
အဖော်မဲ့ည မင်းကို
အဝေးကနေချစ်ဦးမှာ . . .


လှိုင်ဦးမော် ရဲ့  နောက်ဆုံး အယ်ဘမ် ထဲက သီချင်းလေးပါ . . .
ဒီ လင့်ခ်မှာ ဒေါင်းလုတ်ချလို့ ရပါတယ်။ [Link]
ကျွန်တော့်လို ဒိုးလုံး ခရေဇီ တစ်ယောက်အတွက်တော့ လှိုင်ဦးမော်ဟာ ဒိုးလုံး အလွမ်းပြေပေါ့။

0 comments: