ဟယ်လို ဒီဇင်ဘာ

ငါ နင့်ကို စောင့်နေပါတယ် အရင်နေရာမှာ

အရင်လို အကြင်နာတွေနဲ့ နာကျင်နေရင်းပါ ။

နှင်းတွေ ဟိုအရင်လို သည်းသည်းလှုပ် ကျမနေလည်း

ငါ နင့်ကို အရိုးခိုက်အောင် လွမ်းနေမိတုန်းပါ ။

ကောင်းကင်ပြာပြာမှာ ကြယ်တွေမှုန်ရီလင်းတဲ့ညတိုင်း

ငါ နင့်ကို သတိတရနဲ့ ငေးကြည့်နေဖြစ်ဆဲပါ ။

ဟယ်လို ဒီဇင်ဘာ

နှစ်တွေ လတွေ ရက်တွေ နင်ဖြတ်သန်းခဲ့ရာမှာ

အရင်လို အေးစက်နေဦးမယ်ဆိုတာ သိနေလည်း

အရင်လို မှိုင်းပျေ၀၀ါးနေဦးမယ်ဆိုတာ သိနေလည်း

အရင်လို နေခြည်တွေပျောက်ဆုံးနေဦးမယ်ဆိုတာ သိနေလည်း

နှလုံးသားထဲ နွေးထွေးဆဲအချစ်တွေနဲ့

ငါ အရင်လို စောင့်လို့နေဦးမှာ ။ ။

BY : CORAL85

0 comments: