ကြယ်တွေက နက်ပြာရောင်ကောင်းကင်ဆီက မိုးကြည့်နေကြတယ်
ဒိုင်ခွက်မှာ မီးမပါတဲ့နာရီကို ခက်ခက်ခဲခဲကြည့်မနေတော့ပါဘူး
အိမ်ပြန်ရောက်တဲ့အချိန်ဟာ ငါ့အိပ်ချိန်လို့ပဲ သတ်မှတ်မယ်
ရှာဖွေလည်း မတွေ့ရှိနိုင်သော အရာတွေ များသထက်များလာလို့ပါ
ရှေ့နောက်ဝဲယာ ဘယ်မှာလဲ ငါ့ကိုဖြေသာစေမှာ
အော်ဟစ်ရယ်မောဖြစ်ခဲ့လည်း အခိုက်အတန့်သာ
ပူဆွေးကြေကွဲလိုက်ရလည်း အခိုက်အတန့်သာ
ငါ့စိတ်ကိုပိတ်ဆို့ဖို့ ငါ့စိတ်ကိုထိန်းချုပ်ဖို့
ဆေးဝါးနဲ့ ကုထုံးတွေ လွဲနေဆဲလား
စူးစူးဝါးဝါးအလင်းတွေထဲမှာ ဘာကိုမှမမြင်ရအောင်
မှောင်နေပါတယ် မေမေ
ဟောဒါ ကျွန်တော်ရှာဖွေခဲ့တာတွေပါလို့ ချပြနိုင်တဲ့တစ်နေ့မှာတော့
ကျွန်တော်အိမ်ကို စောစောပြန်လာခဲ့ပါ့မယ်
ခုတော့ ....................။ ။
By : Coral85
Labels: poem
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment